Header Ads

✌ မိန်းမတွေရဲ့ ရစ်နည်းပေါင်းစုံကျမ်း ✌


😝😝😝 အစဆွဲထုတ် ရစ်တာ ✌✌

ပြီးခဲ့တဲ့ အကြောင်းတွေ ကိုယ်တိုင်လည်း ကျေနပ်ခဲ့ပြီးမှ စိတ် အလိုမကျရင် (အဲ့တုန်းက ရှင်ဘယ်ကောင်မကို cmt ပေးတာလေ/ ဘယ်ဟာမနဲ့ ပလူး နေတာလေ) ပြန်ပြန်ပြောပြီး ရစ်တာ

😷😷😷 ကောက်ရစ် ရစ်တာ ✌✌

စိတ်ကောက် သွားရင်လဲ (လာမခေါ်နဲ့ ph မဆက်နဲ့ msg မပို့နဲ့) ဒါမျိုး ရိုးရိုး မကောက်ပဲ (ဒီည မအိပ်ရဖူး/ ၁၅ မိနစ် တကြိမ် ph ဆက်/ သီချင်း ဆိုပြ/ အိပ်မပျော်မချင်း ပုံပြောပြမှ) ဒါမျိုး ရစ်တာ

😲😲😲 အကောင်းသားက ထ ရစ်တာ ✌✌

ခုပဲ ကိုကိုရေ မောင်ရေ လုပ်နေပြီး ချစ်စကားတွေပဲ ပြောလို့ ပျင်းလာရင် ရန်မဖြစ် ဖြစ်အောင် (သိပြီ သိပြီ စိတ်ပျက်နေတယ် ဆိုတာ/ စိတ်မရှည်တာလား/ စိတ်မပါလဲ ဆက်မပြောနဲ့) အဲ့လို ရစ်တာ

😖😖😖 ဘီလူးဆိုင်းတီး ရစ်တာ ✌✌

အကြောင်းမရှိ အကြောင်းရှာပြီး (ရှင့် Acc ထဲက ဘယ်ဟာမကို block စမ်း 😡 / ရှင့်ကို Love Reacted ပေးတာ ဟာမနဲ့ ဘလိုပတ်သက်လဲ/ ဝင်မန့်သွားတာ ရှင့်ရည်းစားဟောင်းလား) အမေကြမ်းဝင်သလို ရစ်တာ


😏😏😏 ရွဲ့ရွဲ့လေးနဲ့ ရစ်တာ ✌✌

စကားတွေ ပေါက်ပေါက်ဖောက် ပြောနေရာက ရုတ်တရက် ငြိမ်သွားတာ (ဘာဖြစ်လို့လဲ / မကောက်ပါဖူး ရပါတယ်/ အော် သွားလေ ရတယ် ) အဲ့လို ရွဲ့ပြောပြီး ရစ်တာ


😤 မျက်နှာငယ်လေးနဲ့ ရစ်တာ ✌✌

ဘယ်သူကမှ ပြတ်ပါမယ် တခွန်း မပြောမိပဲ (ရပါတယ် မောင့်သဘောပါ 😔/ ကိုကို ထွက်သွားလဲ မတားတော့ပါဖူး/ ကိုပြတ်မယ်ဆိုတာ ပြတ်ပါ) အဲ့လို သူ့ကို ပြန်သနားအောင် ရစ်တာ

😂😂😂 '' သင်ရော သင့်ချစ်သူကို ဘယ်နည်းနဲ့ အမြဲ ရစ်နေပါသလဲ 😜😜

Credit-Win Phyoe Naing

No comments

Powered by Blogger.