👉 ရည်းစားဟောင်းတွေကို ကျေးဇူးတင်လိုက်ပါ
👇
လွန်ခဲ့တဲ့ အချိန်ကာလ တစ်ခုဆီက ရည်းစား တစ်ယောက် ထားခဲ့ဖူးတယ် ။
👇
ရည်းစား ဖြစ်ခါစတုန်းကတော့ လမ်းမခွဲဘူး နော်လို့ သူကချည်းပဲ အရင်စပြီး ကတိတွေ တောင်းတယ်။ ထားမသွားပါဘူး လို့လည်း သူကချည်းပဲ ကတိအရင်ပေးတယ်။ ကိုယ်ကလည်း ယုံကြည်မူတွေကို အလုံးအရင်းနဲ ထိုးပေးခဲ့တယ်သိပ်မကြာဘူး။ အချိုးတွေ ပြောင်းလာတယ်။ သင်ခန်းစာရသွားတယ် ။
( ချစ်သူနှစ်ဦးမှာ ကတိအရင်ပေးတဲ့သူ ကတိအရင်တောင်းတဲ့ သူတွေက ဖောက်ပြန်မှု အများဆုံး ကျူးလွန်သူ ဆိုတာ )
👇
စုံစမ်းကြည့်လိုက်တော့ နောက်တစ်ယောက် ရနေတယ် ဆိုတာကို သိလိုက်ရတယ်။ သိသိချင်း သေမလောက်ခံစားရသလို အရမ်းလည်း ဒေါသထွက် နာကျင်ခဲ့မိတယ်။ ဒါပေမယ့် သင်ခန်းစာရသွားတယ်။
( ယုံကြည်မှုဆိုတာ ဖောက်ပြန်ဖိုအတွက် မွေးဖွားလာတဲ့ စကားလုံး ဆိုတာ )
👇
ဖောက်ပြန်နေတာ သိလိုက်တော့ ဒေါသထွက်ပြီးတော့ ပြတ်မယ် လမ်းခွဲမယ်လို့ ဆုံးဖြတ်ချက်ချခဲ့မိတယ်။ တကယ်တမ်း မပြတ်နိုင်တာက ကိုယ်ကိုယ်တိုင် ဖြစ်နေမှန်းသိလိုက်တော့.. နောက်တစ်ယောက် မထားပါနဲ့.. အရင်တုန်းက သံယောဇဉ် မျက်နှာလေးတွေ ထောက်ပြီး ဖောက်ပြန်နေတာကို ရပ်ဆိုင်းပေးပါလို့ ဆိုပြီး သိသိကြီးနဲ့ အနူးအညွတ် တောင်းဆိုမိတယ့် နောက်တစ်ယောက်နဲ့ လမ်းမခွဲနိုင်ဘူး။ ပြတ်ချင် နင်ဘာသာနင်ပြတ် ဆိုတော့ ကိုယ်ဘက်ကပဲ မပြတ်သားနိုင်တော့ ခွေးဇတ်ခင်းနေတာ သိသိကြီးနဲ့ ဆက်ပြီး တွဲ နေမိတယ့် ထပ်ပြီးတော့ သင်ခန်းစာရလိုက်တယ်
(မပြတ်သားတဲ့အခါ အမှတ်မထားတဲ့အခါ အကြိမ်ကြိမ်အခါခါ နာကျင်ရတယ်လို့ )
👇
သူ့ဘက်က တဖြည်းဖြည်းနဲ့ သွေးအေးပြီး အဆက်အသွယ်တွေ ဖြတ်လာပေမယ့် ကိုယ်ကတော့ နည်းမျိုးစုံနဲ့ ဆက်သွယ်မိတယ်။ Ph တွေကိုလည်း မကိုင် Mes ဆိုလည်း Rp မပြန် လူချင်းတွေရအောင် ပြောရင်လည်း အကြောင်းပြချက်တွေနဲ့ ရှောင်လွဲနေခဲ့တယ့် ထပ်ပြီးတော့ သိလိုက်ရတယ်
( ဖောက်ပြန်တတ်တဲ့သူတွေက အမှန်တရားနဲ့ ထိပ်တိုက်တွေ့မှာကို သေမလောက် ကြောက်နေတတ်တယ် ဆိုတာ )
👇
နောက်ဆုံးလုံးဝ သည်းမခံနိုင်တဲ့ အဆုံးကျတော့ မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေတဲ့ ကိုယ့်ကို ပြန်ပြီး သနားမိတာနဲ့ပဲ ကိုယ်နှလုံးသားကို ကိုယ်ကိုယ်တိုင်ပဲ တိုက်ပိတ်ပြီး ထောင်သွင်းအကျဉ်း ချပစ်လိုက်တယ်။ ကိုယ်ဘက်က အဆက်သွယ်ဖြတ်ပြီး မကြာဘူ့း သူ့ဆီပြန်လာဖို့ အရင်လို ပြန်တွဲဖို့ အရင်တုန်းက သံယောဇဉ်လေးတွေ လက်ကျန်ရှိသေးတယ် ဆိုပြီး လေချိုသွေးပြီး ပြန်ခေါ်တယ်။ ထပ်ပြီး သင်ခန်းစာရလိုက်တယ်
( ဖောက်ပြန်တဲ့သူတွေက လူပတ်ဝန်းကျင်မှာ ကြာကြာမခံဘူး ရေရှည် မရပ်တည်နိုင်ဘူး ဆိုတာကို )
👇
ကိုယ်ဘက်ကနေ မခံစားနိုင်တဲ့အဆုံး အဆက်သွယ် ဖြတ်ပြီးခါစ တုန်းကတော့ ခွေးဇတ်ခင်းခဲ့တဲ့ သူလုပ်ရပ်ကို တွေးမိတိုင်း ဒေါသက ထွက်နေတုန်း သူကိုပြန်ပြီး ကလဲ့စားချေမယ် လို့ ဆုံးဖြတ်မိတုန်း နောက်မှသိလိုက်ရတယ်။
( ကလဲ့စားချေတာထက် ဥပေက္ခာပြုတဲ့ နည်းက ပိုထိရောက်တယ် ဆိုတာကို )
👇
ဒီစာကို Share ထားတာ နင်မြင်တဲ့အခါ နင့်ကိုသတိရနေတယ် ထင်ပြီး feel တွေ သိပ်တက်မနေပါနဲ့ ဒီစာ Share နင့်ကိုကျေးဇူး တင်ကြောင်း ပြောချင်ရုံသက်သက် ပါ။ ကျန်တာကတော့ နင်နဲ့ပက်သက်ပြီး No Feeling ပါပဲ့။
ဘဝမှာ ကိုယ့်ကို ရင့်ကျက်သွားအောင် သင်ခန်းစာဆိုးတွေနဲ့ အများ ဆုံး ပြု ပြင် ပြောင်းလဲပေးသွားနိုင်တဲ့သူ နှစ်မျိုး ပဲ ရှိတယ့်
* ကိုယ်ကချစ်ရတဲ့သူနဲ့ ကိုယ့်ကိုချစ်တယ်ဆိုတဲ့သူ *
👇
အခုချိန်မှာအချစ်နဲ့ပက်သက်လာရင် ဆင်တူယိုးမှားအတုအပ အမှားအမှန်တွေကို ခွဲခြားပြီးသတိပြုမိအောင် ပါးစပ်ပါတိုင်း မစင်ထွက်တဲ့ဖင်လို ချစ်တယ် လို့ လာပြောနေတဲ့ လူတိုင်းကို မယုံကြည်မိတော့အောင် သင်ခန်းစာပေးသွားတဲ့ ရည်းစားဟောင်း ဖြစ်တဲ့သူကို တွေးမိတိုင်း ကျေးဇူးတင်မိနေတယ့်
👇
သူငယ်ချင်းတို့လည်း ကိုယ့်ကျေးဇူးရှင် ကြီးတွေ ဖြစ်တဲ့ ရည်းစားဟောင်းတွေကို ဘုရား ရှစ်ခိုးတိုင်း ခြံခုန်တိုင်း ခွာမချော် သွားမထွက်အောင် မေတ္တာပို့ပေးလိုက်ကြပါ
👉 ရည်းစားဟောင်းတွေကို ကျေးဇူးတင်လိုက်ပါ 👈
Original Uploader
Post a Comment