Header Ads

👩 မိန်းကလေးဆိုတာ " အ" လွန်းရင် ဖက်ပေါက်တတ်တရ် တဲ့


👩 မိန်းကလေးဆိုတာ…… " အ"လွန်းရင် ဖက်ပေါက်တတ်တရ်… တဲ့။

ပွင့်လင်းလို့ ရဲတင်းလွန်းတော့ ပတ်ဝန်းကျင် မျက်စိစပါးမွှေး စူးတတ်ပြန်… သတဲ့။

လွတ်လပ်မှုကို အလွတ်မဲ့ အသုံးချတော့ ဘဝအတွက် လစ်ဟ သွားတတ်ပြန်… သတဲ့။

ဖွင့်ဟပြီး ဒဲ့ဒိုးပြောတတ်ပြန်တော့… အထှာမရှိတဲ့ အနေအထားနဲ့ …ကွက်ကြည့်တဲ့ အမြင်နဲ့ ကြည့်ခံရပြန်သတဲ့။

အဲ့ကြောင့် လွတ်လပ်မှုကို စည်းနဲ့ဘောင်နဲ့ အသုံးချတတ်မှ မိန်းမ ပီသလေသတဲ့……

ကိုယ့်ကောင်းရင် ခေါင်းမရွေ့ တတ်ပေမဲ့ ကိုယ်တော့ ယိုင်သွားတတ်ပါတရ်။

လေဆိုတာ တိုက်ပါများရင် ၊ရေစီးဆိုတာ စီးဆင်းပါ များရင် ကျောက်ဆိုင် ကျောက်သားတွေတောင် ရွေ့လျားစေတတ်ပါတရ်။ ။

မိန်းမတို အိနြေ္ဒ ရွှေပေးလို့ မရလို့ တင်စား ထားကြတာ အလကား အဆိုအမိန်မှ မဟုတ်လောက်ပါဖူး။ တန်ဖိုး ရှိစေချင်လို့ ဆိုတာ ဖြစ်ပါလိမ့်မယ်။

ဘယ်လောက်စွဲလမ်းစွဲလမ်း ထုတ်ပြောခွင့် မရှိရဖူး။ မကျေနပ်လို အရွဲ တိုက်ပိုင်ခွင့်မရှိဖူး။ အရွဲသွားတိုက်လို့ လောကကြီးက ဟားတိုက်တာကို ခံသွားရတတ်တရ်။

ခံစားချက်ကို မျိုသိပ်လို့ နေရတဲ့ ဘဝတွေမှာ ဖွင့်ဟ ဝန်ခံပြန်တော့ ရဲတင်းလိုက်တဲ့ မိန်းရရ်လို ဝေဖန်ရှုတ်ချမှုတွေကြား……

ဘယ်သူတွေ ဘယ်လိုပဲထင်နေ ထင်နေ အဲ့ဒါတွေ ဂရုစိုက်ဖို့ထက် ကိုယ့်ဘဝအတွက် ကိုယ့်လမ်းမှန်အောင် နေတတ်ဖို့ဆိုတာ လောကနိတွေ၊ သုတအဖြာဖြာတွေကို နားလည်း လက်ခံ ကျင့်သုံးပြီး တန်ဖိုးရှိအောင် နေထိုင်လိုက် နိုင်မယ်ဆိုရင် မိန်းကလေး တစ်​ယောက် အနေနဲ့ လောကအလယ်မှာ နေထိုင်လို့ အဆင်ပြေကောင်း…ပါရဲ့ဆိုတာ..

#Credit to original

No comments

Powered by Blogger.