အမေများနေ့ (သို့) ပြာသိုလပြည့်နေ့ အကြောင်း
ပြာသိုလဟာ မြန်မာ့ ၁၂ လ ရာသီရဲ့ ဒဿမမြောက်လ ဖြစ်ပါတယ်။ အင်္ဂလိပ်လ မှာ ဆိုလျှင်တော့ ဒီဇင်ဘာ နဲ့ ဇန်နဝါရီကြား ကျရောက်လို့ နှစ်သစ်ကူး ပြောင်းတဲ့ အချိန်ကာလ မှာ သာတတ်တဲ့ လမင်းကြီးလို့ ဆိုရမှာပါ။ ပြာသိုလရဲ့ ရာသီပန်းကတော့ ခွာညိုပန်း (Clematis smilacifolia) ဖြစ်ပြီး.. ရှေးမြန်မာဘုရင် များကတော့.. ဒီလမှာ မြင်းခင်း သဘင်ပွဲ ကျင်းပလေ့ ရှိကြပါတယ်။ ပြာသို လပြည့်နေ့ကို အမေများနေ့ (မိခင်များနေ့) အဖြစ် ဆရာကြီး ဦးသုခ က မြန်မာနိုင်ငံအတွက် သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ပြာသို ဆိုတာကတော့ ပျားများကို (ပျားရည်၊ ပျားကောင် များကို) 'သိုဝ်' သိုလှောင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ရှေးမြန်မာများဟာ ပျားရည်ကို လွန်စွာနှစ်သက်ပါတယ်။ ဆေးဖော်စပ်ရာမှာလည်း အသုံးပြုကြပါတယ်။ ပျားရည်၊ ပျားဖယောင်းများအပြင် အချို့ ယဉ်ကျေးမှုများ (အီဂျစ်၊ ဂရိ) တို့မှာ ပျားဒင်္ဂါး၊ ပျားလည်ဆွဲများပါ အသုံးပြုကြပါတယ်။ ပျားဟာ (ပုရွက်ဆိတ်တွေလို) တောင်ပံပါတဲ့ အင်းဆက်အကောင်များဖြစ်ပြီး ပန်း၊ ဝတ်ရည်များကို စုပ်ယူ စားသုံးကြပါတယ်။
နောက်ပြီး.. ပျားဟာ ရှေးယခင် နှစ်သန်းပေါင်းများစွာ (ဒိုင်နိုစောခေတ်) ကတည်းက (တကောင်ချင်း နေထိုင်မှုပုံစံနဲ့) ရှိခဲ့ကြပြီး တဖြည်းဖြည်းချင်း ဆင့်ကဲပြောင်းလဲရာမှာ အုပ်စုဖွဲ့နေထိုင်လာတဲ့ သဘာဝ ဖြစ်လာကြတာပါ။ ၂၀၀၆ ခုနှစ်လောက်က မြန်မာနိုင်ငံရဲ့ ဟူးကောင်းချိုင့်ဝှမ်းအတွင်းက ထွက်တဲ့ ပယင်းထဲမှာ လွန်ခဲ့သော နှစ်သန်း ၁၀၀ (ခရီတေးရှပ် ယုဂ်
လမင်းဟာ နေရဲ့ ဆန့်ကျင်ဘက် ကမ္ဘာတခြမ်းမှာ တည်ရှိနေပြီး.. နေမှ အလင်း တိုက်ရိုက်ကျရောက်မှုကြောင့် အပြည့်အဝ လင်းလက်နေမှာ ဖြစ်ပါတယ်။ ဒီလမင်းကြီးကို အမေရီကန် ရိုးရာ အဆိုအရကတော့ ဝံပလွေ လမင်း (Full Wolf Moon) လို့ ခေါ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့.. ဒီအချိန်မျိုးမှာ ဆာလောင်နေတဲ့ ဝံပုလွေများဟာ လမင်းကြီးကိုကြည့်ပြီး အူတတ်ကြလို့ပါပဲ..။
လမင်းဟာ Gemini လို့ခေါ်တဲ့ မေထုန်ရာသီ ကြယ်တာရာမှာ ပြည့်မှာဖြစ်ပြီး.. သူရောက်ရှိနေမယ့် အကွာအဝေးကတော့.. ကမ္ဘာမှ ၂၂၁၂၀၈ မိုင် (၃၅၆၀၀၀ ကီလိုမီတာ) အကွာမှာဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာကို ဘဲဥပုံပုံလမ်းကြောင်းမှာ ပတ်နေတဲ့ လ အတွက် ပျမ်းမျှ အကွာအဝေးဖြစ်တဲ့ ၂၃၀၀၀၀ မိုင်ထက် ပိုမိုနီးကပ်တဲ့ နေရာ (အကွာအဝေး) ကို ရောက်ရှိနေတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် လပြည့်လမင်းကို ပုံမှန်မြင်တွေ့နေကျထက် အရွယ်အစား ပိုမိုကြီးမားပြီး မြင်ရပါမယ်။ အဲ့ဒါကြောင့်.. စူပါမွန်းလို့ခေါ်တဲ့ သဘာဝဖြစ်စဉ် တစ်ခုကို မြင်တွေရမှာပဲ ဖြစ်ပါတော့တယ်..။
အနာဂတ်ပညာရေးအတွက်.. သန့်ဦး (အာကာသနှင့် စကြဝဠာ)
Post a Comment