Header Ads

❀ ထပ်တူပြန်ရဖို့ မ​မျှော်​လင့်​ပါနဲ့ ❀


★ ★ ★ ★ ★ ★ ★ ★ ★
မင်း​ကောင်းတိုင်း သူပြန်​​ကောင်းလိမ့်​မယ်​လို့ မျှော်​လင့်မ​နေပါနဲ့ ။

မင်းဘက်​က ပေးစရာမကျန်​​အောင်​ ပေးဆပ်​​နေ​ပေမယ့်​ သူ့ဘက်​က ပြန်​သိတတ်​လိမ့်​မယ်​လို့ မျှော်​လင့်​မ​နေပါနဲ့ ။

မင်းဘက်​က အ​ကောင်းဆုံး လမ်းပြ အကြံဥာဏ်​​ပေးတိုင်း သူ့ဘက်​က လမ်းမှန်​​ လျှောက်​သွားလိမ့်​မယ်​ လို့
မျှော်​လင့်​မ​နေပါနဲ့ ။


မင်းဘက်​က သစ္စာ​စောင့်​သိတိုင်း သူ့ဘက်​က သစ္စာ​စောင့်​ထိန်းသင့်​တယ်​လို့ မျှော်​လင့်​မ​နေပါနဲ့ ။

ဘယ်​အရာမှာမဆို လုပ်​​ပေးသင့်​လို့ ၊ ပေးဆပ်​သင့်​လို့ စောင့်​ထိန်းသင့်​လို့ စောင့်​ထိန်းပြီးရင်​ ကိုယ့်​လို သူ့ဘက်​က ပြန်​​ရလိမ့်​မယ်​လို့ ဘယ်​​တော့မှ မ​မျှော်​လင့်​လိုက်​ပါနဲ့။

လုပ်​​ပေးစရာရှိတာ လုပ်​​ပေးပြီးရင်​ ကိုယ့်​စိတ်​ကို ဖြေသာ​အောင်​ အ​ကောင်းဆုံး ပြင်​ဆင်​ထားတာက ကိုယ့်​​စေတနာလည်း အ​ရောင်​​တောက်​လာသလို တဖက်​ကိုလည်း ဖိအား​ပေးမိသလို မဖြစ်​​တော့ဘူး။

တချို့အရာ​တွေက မျှော်​လင့်​ချက်​ ထားမိလိုက်​မှ ပိုဆုံးရှုံးသွားတတ်​သလို မျှော်​လင့်​ချက်​ တစုံတရာမရှိမှ
ပြန်​လည်​ အကျိုး​ပေး​ နေတာ​တွေလည်း ရှိ​နေတတ်​တယ်​။

ဘာကိုပဲဖြစ်​ဖြစ်​ အ​ကောင်းဆုံး ပေးဆပ်​ပြီးရင်​ မျှော်​လင့်​မထားတာက ကိုယ့်​နှလုံးသားကို ဒဏ်​ရာမရ​အောင်​ ကြိုတင်​ကာကွယ်​ထားခြင်း တစ်​မျိုးပါလို့ အကြုံပြုပါရ​စေ​နော်​။

လေးစားစွာဖြင့်​ 😊😊😊
ဇင်းနစ်​ မ​ကွေး

No comments

Powered by Blogger.