💏 First Kiss အတွက် သင် ဘယ်လိုပြင်ဆင်မလဲ 💘
သိပ်ချစ်ရတဲ့ ချစ်သူကောင်မလေးနဲ့ ဒိတ်ရင်း ပထမဆုံးအကြိမ် အနမ်းပေးမယ့် ကွီးတို့ရေ…
ဘယ်တိုက်ပွဲမဆို ပွဲမ၀င်ခင် အရင်အပြင်က ကျင်းပဆိုသလို လုံလောက်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ထားမှသာ ကိုယ့်ဖက်က အသာစီးနဲ့ ဂိုးပြတ်တွေ သွင်းနိုင်မှာနော်။ ပြောရင်းနဲ့ ဘယ်တွေ ရောက်ကုန်ပြီလဲတောင် မသိတော့ဘူး။😁
တကယ်တော့ ဒီတစ်ခါ သင်တို့ဘ၀ရဲ့ First Kiss ကို အကောင်းမွန်ဆုံး အခြေအနေတွေနဲ့ ပိုင်ဆိုင်ခွင့်ရဖို့ သိထားသင့်တဲ့ အချက်လေးတွေကို ဝေမျှပေးချင်လို့ပါ။
🌷 ခံတွင်းရနံ့ကောင်းမွန်အောင်လုပ်ဖို့မမေ့ပါနဲ့
သိပ်ကို အရေးကြီးတဲ့ အချက်ပါနော်။ ချစ်သူလေးနဲ့ အနီးကပ်ဆုံး ရှိနေမှာဆိုတော့ ခံတွင်း ရနံ့ဆိုးစေတဲ့ အစားအစာတွေ မစားသုံးမိစေဖို့ နဲ့ ဆေးလိပ် ၊ ကွမ်းယာ၊ အရက်ဘီယာတွေ မသုံးစွဲမိစေဖို့ အထူး သတိထား သင့်ပါတယ်။ တကယ်လို့မှ စားသောက် သုံးစွဲမိခဲ့တယ် ဆိုရင် ခံတွင်းရနံ့ ကောင်းစေတဲ့ ဖျန်းဆေးတွေ ၊ ငုံဆေးတွေ အသုံးပြုဖို့မမေ့နဲ့နော်။
🌷 ကြည့်ကောင်းအောင် ပြင်ဆင်ထားသင့်ပါတယ်
ကိုယ်ဟာ ချစ်သူ ကောင်မလေးရဲ့ အမြင်မှာ လုံးဝကို သားနားသန့်ရှင်းတဲ့ အသွင်အပြင် ရှိနေဖို့ အထူး လိုအပ်ပါတယ်။ ပေရေနေတဲ့ အ၀တ်အစားတွေနဲ့ ချွေးတွေ ရွှဲနေတယ်ဆိုရင် ဘယ်လိုမှ ရိုမန်တစ် မဆန်နိုင်ပါဘူး။
🌷 နေရာ ရွေးချယ်တတ်ရပါမယ်
သိပ်ကိုဆူညံပြီး လူတွေ ရှုပ်ယှက်ခတ်နေတဲ့ public ဧရိယာတွေဟာ First Kiss အတွက် လုံးဝ အဆင်မပြေနိုင်စေပါဘူး။ ဒါကြောင့် အေးဆေးတိတ်ဆိတ်ပြီး နှစ်ဦးသား ရင်ခုန်သံတွေကို ဖလှယ်လို့ရမယ့် ချစ်စရာ ကော်ဖီဆိုင်လေးတွေမှာ ဆိုလည်း မဆိုးဘူးနော်။
🌷 အခြေအနေ ကြည့်တတ်ရပါမယ်
ချစ်သူနှစ်ဦးရဲ့ First Kiss အတွက်ဆိုရင် သင့်တော်ကောင်းမွန်တဲ့ အခြေအနေနဲ့ အချိန်အခါကိုလည်း ပါးပါးနပ်နပ် စောင့်ဆိုင်း ရွေးချယ်တတ်ရပါမယ်။ အကယ်၍ ကိုယ့်ပါတနာက စိတ်ရှုပ်ထွေး ဒေါသထွက်နေတာမျိုးတွေ၊ first kiss အတွက် အသင့်မဖြစ်သေးတဲ့ အခြေအနေမျိုးတွေမှာတော့ မစတင်သင့်သေးပါဘူး။
🌷 ဇာတ်သိမ်းပိုင်းလေးကလည်း ကောင်းရမယ်
နှစ်ယောက်သားအတွက် ပျော်စရာ အနမ်းလေးတွေကို ပိုင်ဆိုင်ပြီးသွားတဲ့ အခါမှာလည်း ရှက်ရွှံ့ပြီး မျက်နှာလွှဲ ရှောင်ဖယ်ပစ်တာမျိုးတွေ မလုပ်သင့်ပါဘူး။ တစ်ဦးနဲ့ တစ်ဦး ကြင်ကြင်နာနာ ကြည့်ပြီး ပြုံးပြတာတို့၊ ကိုယ့်ပါတနာကို ရင်ခွင်ထဲမှာ ထွေးပွေ့ပေးထားတာ မျိုးတို့ လုပ်ပေးသင့်ပါတယ်။
🌷 ဒီပိုစ့် ကို ကြိုက်နှစ်သက်တယ်ဆိုရင် ကိုယ့်ဘော်ဒါတွေဖတ်ဖို့ Like & Share လေးလုပ်သွားအုံးနော်။
credit#upupmm


Post a Comment