Header Ads

💘 အမှန်တကယ် ချစ်သူထားတော့မယ်ဆိုရင်


၁။    ။အရင်က သူ ဘာဖြစ်ခဲ့ဖြစ်ခဲ့ ခွင့်လွှတ်နိုင်လား ? အရင် ဆန်းစစ်ပါ …စိတ်ထဲ ပြတ်သားပြီဆိုမှ လက်တွဲဖို့ စဉ်းစားပါ ။

၂။   ။ကိုယ့်မှာ ရှိတဲ့ အားနည်းချက် တွေကို ပွင့်လင်းစွာ ကြိုပြောပြထားပါ …ခုရှုပ်မှ နောင်ရှင်းပေါ့ … တကယ်ချစ်ရင်  ခွင့်လွှတ်မှုကို သူရွေးချယ်ပါလိမ့်မယ်……

၃။   ။သူ့မှာ ကိုယ်နဲ့အတူ ဘဝကို ဖြတ်သန်းဖို့ စိတ်ထက်သန်မှု ရှိရဲ့လား စမ်းသပ်ပါ…

၄။   ။ကိုယ်ကိုယ်တိုင်က အမြဲ အပြစ်ရှာတတ်သူ ထဲပါလား ပြန်သုံးသပ်ပါ …Yes ဆိုရင် အကောင်းမြင်သမား တစ်ယောက် ဖြစ်အောင် ပြန်တည်ဆောက်ပါ……

၅။   ။တကယ်ချစ်တယ် ဆိုတာ သေချာလား …အကြိမ်ကြိမ် ကိုယ့်ကို ကိုယ် မေးပါ … အကြိမ်တိုင်း Yes ဆိုတဲ့ Result ထွက်မှ လက်တွဲပါ ……

၆။   ။အဓိက လိုအပ်တာက တော့ '' နားလည်မှု '' ပါ… နှစ်ယောက်လုံး အတွက် အရေးကြီးဆုံး လိုအပ်မှုပါ…

၇။   ။စပြီး လက်တွဲပြီ ဆိုကတည်းက ပြသနာ အမျိုးမျိုး ကြုံတွေ့ရမှာ 100% ပါပဲ … နှစ်ယောက်လုံး စိတ်ဓာတ် ခိုင်မာဖို့ ကြိုးစားပါ … ဒါမှသာလျှင် ဖြစ်လာသမျှ အရာရာကို ဖြေရှင်းသွားနိုင်မှာ ဖြစ်ပါတယ်……

၈။   ။နောက်ဆုံး အရေးကြီးဆုံး တစ်ချက်ကတော့…… '' သစ္စာ '' ရှိဖို့ လိုအပ်ပါတယ်… အပြန်အလှန် သစ္စာ စောင့်ထိန်းမှသာလျှင် ဘဝထက်ဆုံး လက်တွဲသွားနိုင်မှာ ဖြစ်ပါတယ်……

ချစ်သူတိုင်း ပျော်ရွှင်သော ဘဝခရီးကို လျှောက်လှမ်းနိုင်ကြပါစေ။
💓💓💓💓💓💓💓💓

crd to original

No comments

Powered by Blogger.