#မလွမ်းကြေး🌼
နင်လည်း နင့်နည်း နင့်ဟန်နဲ့ ပျော်ပျော်နေပါ… ငါလည်း ငါ့နည်းငါ့ဟန်နဲ့လွမ်းပါ့မယ်...😩
တကူးတကကြီးတော့ မလွမ်းဖြစ်ပါဘူး…
ကြုံရင်ကြုံသလိုတော့ လွမ်းဖြစ်တယ်
အမြဲလိုလို ကြုံနေတာတော့ ငါလည်း မတတ်နိုင်ခဲ့ဘူး...
ဝေးရရင် သေရပါလိမ့်မယ်လို့အတူပြောဖူးကြတယ်
တကယ်တမ်း ဝေးကြရတဲ့အခါ …
ရင်ဘတ်တစ်ခုလုံး ဖရိုဖရဲနဲ့
လွမ်းဖို့ အဆင်သင့် ဖြစ်နေခဲ့ရတာပါပဲ …
တခါတလေ အဖြစ်အပျက်တွေဟာ
ပြင်ဆင်ချိန် မရပေမယ့်…
ဖြစ်သလို ပြင်ဆင်လိုက်ရတာတွေ ရှိတယ်… ငါလည်း ဖြစ်သလို လွမ်းနေခဲ့ပါတယ်...
မထူးပါဘူး...
အရာအားလုံးက နင်ရှိတုန်းကလို
မိုးလင်းနေတုန်းပဲ …
မိုးချုပ်နေတုန်းပဲ …
အိမ်နောက်မှာ စံပါယ်တွေ ပွင့်တုန်းဘဲ...
ငရဲကြီး ရှစ်ထပ်ရှိသတဲ့
ကိုးထပ်မြောက်ငရဲဟာ သတိရခြင်းပဲ …
ကြယ်တွေကြွေတာမြင်တိုင်း
နင်ပျော်ပါစေလို့ဆုတောင်းနေမိတယ်...
မာနတွေကို နောက်ခံထားပြီး
စိတ်လိုလက်ရ ခြယ်မှုန်းခဲ့ကြပြီးပြီပဲ …
ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သတ်သွားမှ
နင်လည်းမငိုနဲ့ ငါလည်း ကြိတ်လွမ်းရုံပေါ့...
သတိရစရာ အမှတ်တရတွေကို
တစ်ခုမှမကျန်အောင် သဲလွန်စ ဖျောက်ခဲ့တာတောင်… နင့်ဖုန်းနံပါတ်က ခုထိလွှတ်ခနဲ ပါးစပ်က ထွက်ထွက်သွားတုန်း..
အကြီးအကျယ် လွမ်းမိလို့
ဖုန်းဆက်ချင်သလိုလိုတွေ ဖြစ်လာတဲ့အခါ… အကြီးအကျယ် နင်ပြောခဲ့သမျှတွေကို ပြန်စဉ်းစားရင်း
အကြီးအကျယ် စိတ်နာလာပြန်တယ်..
ဒီလိုဘဲ သတိရလာရင်… ကိုယ့်အနာကိုယ် ဆားပြန်ဖြူးရင်း ....
ငါအဆင်ပြေနေပါတယ်လေ။ ။😩
©® MyaLwanMoeSwe

Post a Comment