💘 ယောင်္ကျားက ထိချင်ကိုင်ချင်အောင် ဆွဲဆောင်နိုင်မှုဟာလည်း အိမ်ထောင်တာဝန်လို့ ဆိုခဲ့တဲ့ သန္တာလှိုင်
💓💓💓💓💓💓💓💓👧
မင်းသမီး သန္တာလှိုင်ဟာ သူ့ရဲ့ Facebook စာမျက်နှာမှာ အခုလိုမျိုး Post တင်ခဲ့ပါတယ်…
မနက်စာကို ဒီမနက် မိန်းမလုပ်ပေးတဲ့ French toast မှ စားချင်တယ် ဆိုပြီး ချော့ခိုင်းနေတော့လဲ အားကို မအားဘူး လုပ်ပေးနေရတာကို ပျော်နေတာလေ...
အိမ်ထောင်ရေး အောင်မြင်တဲ့ အမ တစ်ယောက်က ပြောဖူးတယ် မိန်းကလေး ဆိုတာ အိမ်တွင်းမှု အချက်အပြုတ် အပြုအစု ကောင်းယုံနဲ့ အိမ်ထောင်ရေး သာယာမှုက မပြည့်စုံသေးဘူး နော်တဲ့...
အမက အချိန်ပြည့် အကြင်အနာတွေ လိုချင်နေတဲ့ မိန်းကလေး ဆိုတော့ မီးဖိုချောင်ထဲမှာ အလုပ်ရှုပ် နေရင်တောင် ယောက်ကျားက ကိုယ့်ကို ထိချင်ကိုင်ချင်စရာ ဆွဲဆောင်မှု အပြည့် ရှိနေအောင် နေရတာ အိမ်ထောင် တာဝန်လို့ ယူဆပါတယ်
Note : ဒါကျွန်မရဲ့ ယောက်ကျားထိန်းနည်း မဟုတ်ပါရှင်၊ ထိန်းစရာ မလိုအောင် သိတတ်သော ယောက်ကျားကို ရရှိထားလို့ အချိန်ပြည့် ထိတွေ့ ချင်နေတဲ့ သူ့ကို ပြုစုတာပါ။ ထိန်းမရတဲ့ ယောက်ကျားက ဘာလုပ်ပေးပေး မရပါဘူး လို့ သန္တာလှိုင်က ဆိုပါတယ်…
credit Thander Hlaing
@Loveshortnotes




Post a Comment