Header Ads

ဝိတ်ချနေသူတွေ မသိကြသေးတဲ့ အလွဲများ


1)
ဝိတ်ချနေသူ ။ ။ ညစာ မစားတော့ဘူး ။ ညစာ ရှောင်တယ် ။ ဝိတ်ချ မလို ။
ဝိတ်ချပေးနေသူ ။ ။ ညစာ မစားတိုင်းသာ ဝိတ်ကျလို့ရှိရင် ဘုန်းကြီး ဦးဝတုတ် ဆိုတာ ရှိတော့မှာ မဟုတ်ဘူးလေ ။

2)
ဝိတ်ချနေသူ ။ ။ အခု ဝိတ်ချနေတာလေ ။ အသီးအရွက်တွေပဲ စားတော့တယ်။
ဝိတ်ချပေးနေသူ ။ ။ အသီး အရွက်တွေ စားတိုင်းသာ ဝိတ်ကျလို့ရှိရင် တို့ရွာက နွားတွေ အကုန်လုံး ငပိန်ညောင်တွေပဲ ဖြစ်ကုန်တော့ မှာပေါ့ ။

3)
ဝိတ်ချနေသူ ။ ။ ကိတ်မုန့်လေး တကိုက် နှစ်ကိုက်လောက်ပဲ ကိုက်မိ တာပါ ။ ဆီကြော်လေး တတုံး ၊ နှစ်တုံးလောက် စားမိ တာပါ ။
ဝိတ်ချပေးနေသူ ။ ။ အဆိပ်ရည် ကိုကော တစက် ၊ နှစ်စက် ဆိုပြီး လျှာနဲ့ ယက်ရဲလို့လား ။
( အဲ့ တကိုက် ၊ နှစ်ကိုက် ၊ တစ်တုံး နှစ်တုံးက ကယ်လိုရီ 300 လောက် ရှိတယ် ။ gym မှာ ချွေးဒီးဒီးကျအောင် ၁၅ မိနစ်လောက် လုပ်မှ ကယ်လိုရီ 100 ကျော် လောက်ဘဲ လောင်ကျွမ်းတာပါ ။ )

4)
ဝိတ်ချနေသူ ။ ။ ဝိတ်အရမ်း ကျချင် လို့ပါ ။ နည်းလမ်းလေး တခုလောက် ပေးပါလား ။ သိပ်တော့ မကျ ချင်ပါဘူး ၁၀ ပေါင် လောက် ကျပြီး ဗိုက်လေး ချပ်သွားရင် တော်ဘီ ။ တခြား နေရာတွေ မကျချင်ဘူး ။ ဗိုက်လေး ပါပဲ ။
ဝိတ်ချပေးနေသူ ။ ။ ဝိတ်ချတဲ့ နေရာနဲ့ အော်ပရေးရှင်းခန်း နဲ့ မှားလာသလား ညီမရယ် ။ ( ဗိုက်ဆိုတာ တခြားနေရာက အဆီတွေ ကျပြီး နောက်ဆုံးမှ ကျတဲ့ နေရာပါ ။ အဆီတွေ တက်လာပြီ ဆိုရင်လည်း ပထမဆုံးတက်တဲ့ နေရာပါ ။)

5)
ဝိတ်ချနေသူ။ ။ ဝိတ်ချမလို့ လေ့ကျင်ခန်းတွေ လုပ်ပါတယ် ၊ ရေလည်း ကူးပါတယ် ။ ပြီးတော အစားတွေ လှိမ့်စားတယ် ။
ဝိတ်ချပေးနေသူ ။ ။ ဝိတ်ချနေတာလား ၊ စားကောင်း သောက်ကောင်း အောင် လေ့ကျင့်ခန်း လုပ်တာလား မသဲကွဲဘူး ကွယ် ။

6)
ဝိတ်ချနေသူ။ ။ ဝိတ်ချ မလို့ ။ လေ့ကျင့်ခန်း လည်း လုပ်တယ် ၊ ရေလည်း ကူးပါတယ် ။
ဝိတ်ချပေးနေသူ ။ ။ အင်း ... လုပ်နေတဲ့ လေ့ကျင့်ခန်းက နန်းမတော် မယ်နုတောင် အရှုံးပေး ရတယ် ။ video က စလိုမိုးရှင်းတောင် သူလုပ်တဲ့ speed ကို ကျော်သွားတယ် ။ ရေကူးတယ် ဆိုတာကလည်း ကူးတာ နည်းနည်း ရေစိမ်နေတာက ခပ်များများရယ် ။

Credit

No comments

Powered by Blogger.