တံခါးဖွင့်မပေးကြေး
မင်္ဂလာဆောင် ပြီးတဲ့ လင်မယား နှစ်ယောက် ဟာ သူတို့ရဲ့ မင်္ဂလာဦး နေ့မှာ သူတို့ရဲ့ အိမ်ကို ဘယ်သူပဲ လာလာ တံခါး မဖွင့်ပေး ကြေး လို့ နှစ်ယောက်သား သဘောတူခဲ့ ကြပါတယ် ။
အဲဒီနေ့မှာပဲ ယောက်ျားဖြစ်သူရဲ့ မိဘတွေက သူတို့ကို ကြည့်ဖို့ဆိုပီး သူတို့ အိမ်ကို လာကြတယ် ။ ယောကျား ဖြစ်သူက တံခါး ဖွင့်ပေး ချင်တယ် ။ ဒါပေမဲ့ တယောက်ကို တယောက် ကြည့်ရင်း သူတို့ရဲ့ သဘောတူညီချက် အတိုင်း တံခါး ဖွင့်မပေး ခဲ့ပါဘူး ။ မိဘတွေလည်း ပြန်သွား ကြတယ် ။
အချိန် ခဏ အကြာမှာပဲ မိန်းခလေးရဲ့ မိဘတွေ သူတို့ အိမ်ကို လာတယ် ။ မိန်းမ ဖြစ်သူက မျက်ရည်လေး ၀ဲတဲတဲ နဲ့ " ကျမ မိဘတွေ တံခါး ဖွင့်မပေးပဲ ကျမ မနေနိုင်ဘူး ရှင် " လို့ သူ့ယောက်ျားကို တိုးတိုးလေး ပြောလိုက်တယ် ။ သူမက အိမ်တံခါး ဖွင့်ပေးလိုက်ပေမဲ့ ယောက်ျား ဖြစ်သူကတော့ ဘာမှ မပြောခဲ့ပါဘူး ။
အဲ့ဒီလိုနဲ့ နှစ်တွေ ကြာလာတဲ့ အခါမှာတော့ သူတို့မှာ သားယောက်ျားလေး လေးယောက် မွေးဖွား ခဲ့တယ် ။ နောက်ဆုံး ငါးယောက်မြောက်က မိန်းခလေး မွေးတဲ့ အခါမှာတော့ ယောက်ကျားဖြစ်သူက သူ့ရဲ့ မိတ်ဆွေတွေ အားလုံးကို ဖိတ်ပြီး သမီးလေး မွေးတဲ့ အတွက် ပါတီကြီး ကျင်းပဖို့ ပြင်ဆင် ကြတယ် ။
အဲ့တော့ မိန်းမက မေးတယ် ။ သားတွေမွေး တုန်းကတော့ ဒီလို ပါတီ မကျင်းပပဲ အခု သမီးလေးမွေးမှ ဘာလို့ ပါတီ ကျင်းပရတာလဲ လို့ မေးတဲ့ အခါ ယောက်ျားဖြစ်သူပြန်ပြောတာက ။
" ငါ့သမီးလေးဟာ ငါ့ကို တံခါး ဖွင့်ပေးမဲ့ သူပဲ " တဲ့ ။
" သမီး မိန်းခလေးတွေဟာ အမြဲတမ်း မိဘတွေ အတွက် ကောင်းတဲ့ သူတွေ ဖြစ်လေ့ ရှိတယ် "
ရဲသူရိန်မင်း
Soup for Soul
Post a Comment