အူးနဲ့ တွဲမလား ....
ဦးက မင်းလေး တွေ့ဖူးတဲ့ ကလေကချေနဲ့ အပေတေကောင်တွေလို မဟုတ်ပါဘူး။ smart ကျ တယ် ။gentlemen ဆန်တယ် ။ ပုဆိုးပဲ ဝတ်ဝတ် ၊ ဘောင်းဘီပဲ ဝတ်ဝတ် မင်း မျက်လုံးထဲမှာ ကြည့်ကောင်းနေစေရမယ် ။
ချောတာ မချောတာတွေ စိတ်မဝင်စားဘူး။ ခန့်ခန်း ညားညားကြီး ဖြစ်နေဖို့ လုံးဝ အာမခံတယ်။ ကလေးကလား ဆန်ဖူးတဲ့ အရွယ်တွေ ကျော်လွန်ခဲ့ ပီးပီ ။
အဲ့ဒီတော့ ဦးအသက်က အသက် ၃၀ အထက်မှာ ရှိနေတယ် ။ မင်း စိတ်ကြိုက် ဦး အပေါ် ဆိုးခွင့်ရှိတယ်။ မင်းရဲ့ ပတ်ချွဲ နပ်ချွဲလေးတွေ ကြားမှာ မင်း ဆိုးသမျှ က ဦးရဲ့ ခွင့်လွှတ်ခြင်းတွေနဲ့ပဲ အဆုံးသတ်မယ် ။
မိုက်ရူးရဲ ဆန်နေရမဲ့ အရွယ်လည်း မဟုတ်ဘူး။ ဘာပဲလုပ်လုပ် တည်တည် ငြိမ်ငြိမ်နဲ့ သွေးအေးအေးပဲ ဖြေရှင်းတတ်တယ် ။ မင်းကို ချစ်သူလို ချစ်မယ် ။ အစ်ကို တစ်ယောက်လို စောင့်ရှောက်မယ် ။ အဖေ တယောက်လို့ ဆုံးမ ပေးမယ် ။ လိုအပ်လို့ ရှိရင် ဦး ဆီက အကြံဥာဏ်တွေ အများကြီး ယူလို့ရမယ် ။
ကလေးလေးကို မုန့်ကျွေးပီး ကြိုက်မဲ့ ထဲမှာ ဦး မပါဘူး ။ give and take တွေလည်း ဦးစိတ် မဝင်စားဘူး။ သိတာ တခုပဲ ရှိတယ် ။ အဲ့ဒါက ဦးမင်းကို ချစ်တယ် ။
ဘဝ တခုလုံး အတွက် ကို ရည်ရွယ်ပီး ချစ်တာ ။ မင်း ဘယ်သွားချင်လဲ ဘာလုပ်ချင်လဲ ။ အရာရာ မင်း သဘော အတိုင်း လက်ညိုးညွှန်ရာ ရေ ဖြစ်စေမယ် ။
မင်း ဦးရဲ့ လက်ကို ဆွဲပီး မင်း ကြိုက်တဲ့ Shopping mall တွေကို ထွက်ပစ်လိုက် စမ်းပါ ။ မင်း ကြိုက်တာဝယ် ။ မင်း ကြိုက်သလိုသုံး ။ ဦးက မင်း အတွက် ဖြည့်ဆည်းပေးသားပဲ။
မင်း ဘာတွေ စားချင်သေးလဲ ။ မင်း စိတ်ကြိုက်သာစား ။ မင်းစားသမျှ ဒိုင်ခံ ရှင်းနိုင်မဲ့ စွမ်းရည် ဦးဆီမှာ ရှိတယ် ။
မင်း သုံးတဲ့ cosmetic တွေ ဆိုတာလည်း နည်းနည်း အောက်နေတယ် ။ ဒီ့ထက် မြင့်တာလေးတွေ ဦး ဝယ်ပေးပါ အုံးမယ် ။ မင်း အသားနုနု လေးတွေ ဆိုတာ brand အကြီးကြီးတွေနဲ့မှ ထိတွေ့ဖို့ ကောင်းတာ မလား ။
ဦးက မင်းရဲ့ အနာဂါတ် တခုလုံးကို တောက်တောက် ပပ ထားနိုင်ဖို့ အတွက် အလုပ်တွေ သိပ်ကြိုးစားနေရတယ် ။ မင်း စိတ်ကြိုက် သုံးဖို့ စွဲဖို့ အတွက် ဦး အလုပ် လုပ်နေတယ် ။
အဲ့ဒီ့အတွက် တခါ တလေ အချိန် မပေးနိုင်တဲ့ အခါ ခွင့်လွှတ်ပေး ။ ဦးရဲ့ အလုပ် အားတဲ့ အချိန်တိုင်းက မင်းအတွက်ပါပဲ ။ မင်း အတွက် အချိန်ပေးမယ် ။ မင်း ဘေးနားမှာ အတူတူ နေပေးမယ် ။
မင်းကြိုက်သလောက် စကား များချင်သလောက် များစမ်း ။ ဦးက မင်း အရင် ရည်းစားဟောင်း တွေလို စကား များလို့ ပစ်သွားမဲ့ကောင် မဟုတ်ဘူးနော် ။ မင်းလေးပြောသမျှကို အားတက် သရောနဲ့ စိတ်ရော ကိုယ်ပါ နားထောင်ပေးမဲ့သူ ။
ရန်ဖြစ်တိုင်း အရင်ဆုံး တောင်းပန်ပေးမှာ ဦးပဲ ။ ခပ်ရှင်းရှင်း ပြောရရင် ဦး လက်ထဲမှာ မင်း မျက်ရည်တစက် ကျရင် ဦး ကိုယ့်ကိုယ်ကို အရည်ခွံ နွှာပလိုက်မယ် ။
ဦးက မင်းကို အရမ်း ချစ်လွန်းလို့ လက်တွဲထား တာလေ ။ မင်း မှားမှား မှန်မှန် ဦးက ခွင့်လွှတ်ပေးနိုင် ရမှာပေါ့ ။ မင်း စိတ်ကောက်တိုင်း ဦးရဲ့ မာနတွေကို ဟိုး အောက်ဆုံးမှာ ထားပြီး မင်းကို ဒူးထောက် ထားမယ် ။ ပြီးရင် ဦး မှားပါတယ် ဆိုပြီး ဦးတောင်းပန်မယ် ။
မင်းရဲ့ မျက်နှာလေးကို တချက်ကလေးမှ မညိုးစေချင်တာ ဦးရဲ့ ဆန္ဒပါ။ အမှတ်တရနေ့တွေ အတွက် သိန်း ၈၀၀၀ တန် ကားလောက် ကတော့ ဦးက ရင်မခုန်ဘူး။
မင်း လိုချင်ရင် အာဖရိက က စိန်တွင်းတွေကို ဦး အပိုင် ဝယ်ပေး လိုက်မယ် ။ မင်း ဦးနဲ့ ချစ်ရင် မင်းလုပ်ပေးစရာ ဆိုလို့ တခုပဲ ရှိတယ် ။ မင်းကြိုက်တဲ့ ကိုရီးယားကားလေးကို ကြည့်ပြီး ဦးကို ချစ်ပေးနေ ရုံပဲ ။
ဘယ်လိုလဲ .... ဦးနဲ့ တွဲမလား
Credit
Post a Comment