Header Ads

25 နှစ်မကျော်ခင် ရည်းစားဘာလို့ မထားသင့်တာလဲ..


အသက် နှစ်ဆယ့်ငါးနှစ် မကျော်ခင် ရည်းစား မထားတာ သိပ်ကောင်းတယ်။ သူငယ်ချင်း များများထား ပျော်ပျော်နေ အပူတွေ သိပ်ကူးစပ် မခံနဲ့။ ဟိတ်ကြီးဟန်ကြီး သိပ်မဖမ်းပဲ သူငယ်ချင်းတွေ ကြားမှာ ပျော်အောင်နေပြီး အချစ်ကို ခပ်ချေချေသာ နင်းချထား။ ဘာလို့လည်း သိလား ?

18 ကနေ 22 အထိက ကျောင်းပညာ မပြီးသေးဘူး။ အဲ့ဒီ အချိန်မှာ ပျော်လို့ ကောင်းနေရမယ်။ ကျောင်းပညာကို အကောင်းဆုံး သင်ယူ… သင်တန်းတွေ လိုက်တတ် ကိုယ်ဝါသနာ ပါရာတွေနဲ့ အချိန်ကုန်ခံလိုက်ပါ ။ ကျွန်တော်တို့ လူငယ်တွေဟာ " နွားခြေရာခွက်" ထဲမှာ ပျော်နေတတ်ကြတဲ့ သူတွေ သိပ်များပါတယ် ။

ဆရာ တစ်ယောက်က ပြောဖူးတယ် "မင်းကွာ ဆယ်တန်းမှာ ကြင်ယာ ရှာရင် ဆယ်တန်းအဆင့်ပဲ ရမှာပေါ့ " "တက္ကသိုလ်မှာ ဆိုရင် တက္ကသိုလ်အဆင့်ပေါ့ ဟော… ကျောင်းတွေပြီးလို့ ကိုယ်က ဆရာဝန် ဆိုရင် ဆရာဝန် နဲ့ တူတဲ့အဆင့် လာမှာပေါ့.. အင်ဂျင်နီယာ ဆိုလည်း သူ့တန်ရာပေါ့..  ပြောချင်တာက မင်းကိုမင်းမြင့်လေလေ မင်းနဲ့ level တူတွေ နဲ့ တွေ့ရလေလေပဲ"

ဟုတ်တယ် … ဒါဟာ အမှန်ကန်ဆုံးပါပဲ။ ဖူးစာ ဆိုတာ မထင်မှတ်ထားပေမဲ့ နှလုံးသား ထက် ဦးနှောက်ကို အသားပေး တတ်သူဟာ ကိုယ့်ဘာသာကို ဦးစွာ အဆင့်မြင့်ကြတယ် ။ ကိုယ့် ဘာသာကို ဦးစွာချစ်ကြတယ် သူများတွေ အချစ်နွံထဲ မရုန်းနိုင်တဲ့ အချိန်မှာ သူက နွံထဲကနေ ရအောင် ရုန်းထွက်ဖို့ပဲ စဉ်းစားတယ်။

နောက်တော့ အချိန်တစ်ခု ရောက်လာမှ ကိုယ့်နဲ့ အခြေ တူရာ power ချင်း ပေါင်းလိုက်ကြတယ်။ ဆိုတော့ … လူငယ် အတော်များများရဲ့ 23 အထက်မှာ ဘဝ အတွက် စပြီး ရုန်းကန်ကြရမယ်။ အဲ့ဒီအချိန်ဟာ အရင့်ကျက်ဆုံး အချိန်ပဲ အဲ့လို ရင့်ကျက်တည်ငြိမ်ပြီ ဆိုမှ ကိုယ် နဲ့တူရာ တစ်စုံတစ်ယောက်နဲ့ လက်ထပ် လိုက်တာက အကောင်းဆုံးပါပဲ ။

တစ်ခါတစ်လေကျတော့ အချစ်ကို ဦးစားပေးချိန် မတန်ပဲ ဦးစားမပေးတာဟာ ကိုယ့်ရဲ့ ပျော်ရွင်မှုတွေကို အကျိုးရှိရှိ အသုံးချနိုင်သလို ဘဝ အနာအဆာလည်း ကင်းပါတယ်။ အထီးကျန် ဆန်တာလေးတွေတော့ နည်းနည်းပါးပါးလေး ရှိတာပေါ့ဗျာ။ အကောင်းနဲ့ အဆိုးကတော့ ဒွန်တွဲနေမှာပဲ᠌᠌᠌။

credit

No comments

Powered by Blogger.