Header Ads

တကယ်ချစ်ရင် သူမရဲ့လှပခြင်းတွေပဲ ရွေးမချစ်ပါနဲ့..


တကယ် ချစ်တယ်ဆိုရင် သူမရဲ့ လှပခြင်းတွေကိုပဲ ရွေးမချစ်ပါနဲ့.. မလှတဲ့ အရာတွေကိုလည်း လက်ခံနိုင်အောင် ကြိုးစားပါ..

လှတဲ့ အချက်လေးတွေ ရွေးပြီး သဘောကျတယ် ဆိုတာ အချစ် မဟုတ်ဘူး.. သာယာမှု တစ်မျိုးပါ...

အဲဒီ သာယာမှုကို အချစ်လို့ ခေါင်းစဉ်တပ်ပြီး လက်တွဲကြတဲ့အခါ အားနည်းချက်တွေ ပေါ်လာရင် လက်မခံချင် ကြတော့ဘူး... ခွင့်မလွှတ်ချင် ကြတော့ဘူး...

လှတဲ့ အရာလေးတွေပဲ ရွေးပြီး သဘောကျချင်ရင် ပန်းလေး တစ်ပွင့်ကို ခပ်ဝေးဝေးက ငေးကြည့်သလိုပဲ ကြည့်နေပါ...

ခူးယူဖို့ ဆုံးဖြတ်ထားရင်... သူမရဲ့ လှပခြင်းကို ခံစားသလို အားနည်းချက်တွေကိုလည်း ကူညီဖြည့်ဆည်း ပေးချင်တဲ့ စိတ်မျိုးနဲ့ လက်တွဲနိုင်မှသာ ခိုင်မြဲမှာပါ...

ကျွန်မရဲ့ လှပခြင်းတွေကိုလည်း ချစ်ပါ.. မလှပခြင်းတွေကိုလည်း ချစ်ပေးပါ 💙

Credit to original

No comments

Powered by Blogger.