Header Ads

ကိုယ့်ချစ်သူကို ပက်ပက်စက်စက် နိုင်နည်း


(1) သူ့ကို ဘယ်တော့မှ ဦးစားမပေးပါနဲ့
ဥပမာ ... မုန့်​ဆိုင်​ထိုင် စားပြီးတဲ့ အခါမျိုးမှာ ကိုယ်က အရင်​ဦးဆုံး ပိုက်​ဆံထုတ်​ပြီးသာ ရှင်းပြစ်လိုက်

(2) စကားကို တစ်ခွန်းထက် ပိုပြီး မပြောခိုင်းနဲ့
ဥပမာ - " ကိုကို ... ဒါလေးဝယ်ပေးနော် " လို့ ပြောရင် ထပ်အပြောမခံနဲ့ ချက်​ချင်းသာ ဝယ်​​ပေးလိုက်

(3) သူ့ခန္ဓာကိုယ် တကိုယ်လုံး အ​​ပေါ် ကိုယ့်လက်ချက်​​တွေပဲ ပြည့်​​နှက်နေပါ​စေ
ဥပမာ - နှုတ်​ခမ်းနီတို့၊ လက်​သည်းနီးတို့ ကိုယ်​ကိုယ်​တိုင်​ ဆိုး​ပေးပြစ်​လိုက်

(4) ကိုယ့်စကား တစ်​ခွန်းဆို တစ်ခွန်းပဲ ဖြစ်နေပါစေ
ဥပမာ - " ချစ် ... အိမ်​မှာပဲ ​နေ​ "  " ဘယ်ဆိုဘယ်​မှ မသွားနဲ့ " " ကိုကို မုန့်​ဝယ်​ပြီး လာပို့​ပေးမယ်​ " ဆိုတာမျိုး

(5) ဘယ်တော့မှ အကောင်း မပြောပါနဲ့
ဥပမာ - ​နေကြာ​စေ့ ခွာ​ကျွေးရင်​ " ချစ်​လက်​ရာ မကြိုက်​ဘူး ကိုကိုပဲ ခွာ​ကျွေးမယ်​ " ဆိုတာမျိုး

(6) အရာရာ အလို မလိုက်ပါနဲ့
ဥပမာ - သူက ဖုန်း Bill ထည့်​​ပေးမယ်​ ဆိုရင်​​တောင်​ အထည့်​မခံနဲ့ ကိုယ့်​ဘာသာ ကိုယ်​ဝယ် ​ထည့်​ပြစ်​လိုက်

(7) အမြဲတမ်း ရှေ့က ဦးဆောင်ပါ
ဥပမာ - Tuto ကူးတာတို့ Roll call ထိုးတာတို့ အချိုရည်​ဘူးတို့ ​ရေဘူးတို့ အပိတ်​ အဖွင့် လုပ်တာတို့ ကိုယ်​ကပဲ ဦး​ဆောင်​ပြီး လုပ်​​ပေးပြစ်​လိုက်

(8) အပြင် ​သိပ်မထွက်ခိုင်းနဲ့
ဥပမာ - သူက ​အချဉ်ပေါင်း စားချင်ရင်​ သွားဝယ်​​လိုက် ၊​ ပြီးမှ သူ့ဆီ သွားပို့​ပေးလိုက်

(9) ကိစ္စတိုင်းကို ကြိုပြီး အသိ​မ​ပေးနဲ့
ဥပမာ - သူ့ Birthday အတွက် လွန်ခဲ့တဲ့ လကတည်းက Present ဝယ်​ပေးထားတာမျိုး

(10) ဘယ်​​တော့မှ မ​ကြောက်​နဲ့
ဥပမာ - ​ ​ခေါင်း​ခေါက်​လဲ မ​ကြောက်​မရွံ့ အ​ခေါက်​ခံလိုက်​ ဗိုက်​​ခေါက်​လိမ်​ဆွဲလဲ မ​ကြောက်​မရွံ့ လိမ်​ဆွဲခံလိုက်​ လက်​ကိုကိုက်​လဲ မ​ကြောက်​မရွံ့ အကိုက်​ခံလိုက်

Aung Thu Moe

No comments

Powered by Blogger.