အချစ်ကို အချစ်လို့ပဲ မြင်အောင်ကြည့်ပါ..
အချစ်ကို ပကာသနတွေနဲ့ ရောကြည့် လိုက်တဲ့အခါ အချစ်က အရောင်မျိုးစုံ ထွက်လာတယ်။ တစ်ချို့က သစ္စာမရှိဘူး လို့ မြင်တယ်။ တစ်ချို့က ကတိမတည်ဘူး လို့ မြင်တယ်။
တစ်ချို့က ဘ၀ကို အသေသတ်တဲ့ မိစ္ဆာလို့ မြင်တယ်။ တစ်ချို့က ကြောက်သွားတယ်။ တစ်ချို့က အချစ်ဆိုတာ အလကားလို့ မြင်လာတယ်။
တကယ်တော့ အချစ်ကို အချစ်လို့ မမြင်ပဲနဲ့ ဆင်းရဲခြင်း ချမ်းသာခြင်း အောင်မြင်ခြင်း ကျရှုံးခြင်းတွေနဲ့ ရောနှောကြည့်လိုက်လို့ အချစ်က ဘာသာမဲ့ သွားတာပါ။
တကယ်တော့ အချစ်က သစ္စာလည်းရှိတယ်။ အနွံတာလည်း ခံတယ်။ ပေးဆပ်မှုတွေလည်း အများကြီးပါ။ အလိုက်သိမှုတွေလည်း ရှိသလို အေးချမ်းမှုတွေ ကိုလည်း ပေးနိုင်ပါတယ်။
အဲ့လို ခံစားဖို့ဆိုရင် အချစ်ကို အချစ်လို့ပဲ ရိုးရိုးရှင်းရှင်းလေး မြင်အောင် ကြည့်တတ်ဖို့ပဲ လိုတယ်။ အချစ်စစ်ဆိုတာ ချမ်းသာမှုတွေ အောက်မှာ မရှိဘူး။ အောင်မြင်တဲ့ လူတွေဆီမှာမှလည်း စီးမျော မနေဘူး။ အချစ်ကို ဘ၀ရဲ့ မောင်းနှင်အားအဖြစ် အချစ်လို့ပဲ သီးသန့်မြင်နိုင်တဲ့ လူတွေဆီမှာပဲ ရှိတယ်။
ဆင်းရဲခြင်း ချမ်းသာခြင်း ပြည့်စုံခြင်း မပြည့်စုံခြင်း ဆိုတာ အချစ်က ဖန်ဆင်းတာ မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ အရည်ချင်းကပဲ ဖန်တီးနိုင်တယ်။
အချစ်ကို ပကာသနတွေနဲ့ မရောပဲ သီးသန့်မြင်အောင် ကြည့်နိုင်တဲ့ လူတွေမှာ လိုချင်တပ်မက်စိတ်တွေ နည်းသွားတယ်။ အချစ်က ရိုးရှင်းလေ လှပလေပါပဲ။ အချစ်ကို ပကာသနတွေနဲ့ ရောမကြည့်မိဖို့ပဲ လိုတယ်........။
မူရင်း ပို့စ်ပိုင်ရှင် - သျှီ (တမာမြေ)
Post a Comment