Header Ads

ကျွန်တော်တို့ ကလေးပဲ ရှိပါသေးတယ် မင်္ဂလာသတင်းက ကြာအုံးမှာပါ ဆိုတဲ့ ရဲရင့်အောင်


★ ★ ★ ★ ★ ★ ★ ★ ★
ချစ်သူသက်တမ်း တစ်နှစ် ပြည့်တော့မယ့် အဆိုတော် ရဲရင့်အောင် နဲ့ သရုပ်ဆောင် ဧငြိမ်းဖြူ တို့ နှစ်ဦးရဲ့ မင်္ဂလာသတင်း ကတော့ ကြာဦးမှာပါ ၊ ကျွန်တော်တို့ က ကလေးပဲ ရှိပါသေးတယ် လို့ ရဲရင့်အောင်က MC သို့ ပြောပါတယ်။

“ ချစ်သူ သက်တမ်းက တစ်နှစ်ပြည့်ဖို့ ကျွန်တော်တို့ သိပ်ပြီး မလိုတော့ပါဘူး။ ကျွန်တော်တို့ အဆင်ပြေပါတယ်။ ဘာမှတော့ သိပ်အများကြီး ပြောဖို့ မရှိပါဘူး။

ရန်ကတော့ ဖြစ်မှာပဲလေ။ ရန်မဖြစ်ရင်တော့ ဒါက ပုံမှန် မဟုတ်တော့ဘူး။ အဲ့လို ပြောရမှာပေါ့ ။ ရန်ဖြစ်တော့လည်း တစ်ယောက် တစ်လှည့် ချော့ကြတာပေါ့။ ကိုယ်ကချည်းပဲ ချော့နေရင်လည်း ပုံမှန်မဟုတ်ဘူးလေ။

မင်္ဂလာ သတင်း ကတော့ ကြာဦးမှာပါ ။ ကျွန်တော်တို့ ကလေးပဲ ရှိပါသေးတယ်။ ( နောက်တာ ပါဗျာ) ” လို့ သူက ပြောပါတယ်။

လက်ရှိ အနုပညာ လှုပ်ရှားမှုနဲ့ ပက်သက်ပြီး ဒုတိယ တစ်ကိုယ်တော်ခွေ ထွက်ရှိဖို့ ပြင်ဆင်နေတယ် လို့ သိရပါတယ်။

ရဲရင့်အောင် ရဲ့ ပထမဦးဆုံး ရုပ်ရှင် ဖြစ်တဲ့   “ငါ့ကိုနမ်းတဲ့ မုန်တိုင်း”   ဇာတ်ကားလည်း မကြာမီ ရုံတင်တော့မယ် လို့ ပြောပါတယ်။ ဒီ ဇာတ်ကားမှာ ဖွေးဖွေး နဲ့ လွှမ်းပိုင် တို့ အဓိက သရုပ်ဆောင် ထားကြတာပါ။

ရုပ်ရှင် ရိုက်ကူးမှု လတ်တလော ရပ်နားထားတာ ဖြစ်ပြီး ဒုတိယ တစ်ကိုယ်တော်ခွေ ထွက်ရှိပြီးမှ ပြန်လည် ရိုက်ကူးမယ် လို့ သိရပါတယ်။

credit mc







No comments

Powered by Blogger.