Header Ads

မောင်ချို လာမပြိုင်ပါက Winner ကို တစ်ခါထဲ ကြေငြာမည်


Myanmar Idol နဲ့ ပတ်​သက်​ပြီး စာနယ်​ဇင်း ရှင်းလင်းပွဲကို ဒီက​နေ့ သြဂုတ်​လ (၁၀) ရက်​ည ၆ နာရီမှာ ​ရွှေထွဋ်​တင်​ကွင်းတွင်​ ကျင်းပပြုလုပ် ​ခဲ့ပါတယ်​။ ရှင်းလင်းပွဲမှာ Myanmar Idol season (3) မှာ အခုလက်​ရှိ ဖြစ်​​နေတဲ့ အ​ကြောင်းအရာ​တွေနဲ့ ပတ်​သက်​ပြီး တာဝန်​ရှိသူ တစ်​ဦးက...


" အခု​တော့ ချမ်း​မြေ့​မောင်​ချိုကို ဆရာဝန်​နဲ့အတူ ကျန်းမာ​ရေးကို အ​သေးစိတ်​ စစ်​​ဆေး​နေပါတယ်​။ ကျွန်​​တော်​တို့ ​သူတို့ကို ပရိသတ်​နဲ့​ တွေ့ဆုံဖို့ အခွင့်​အ​ရေး ပေးခဲ့ပါတယ်။ နှစ်ယောက်​စလုံး ပြန်​လာတဲ့အခါ ပြိုင်​ပွဲမှာ ပင်​ပန်းတာ​တွေ​ကြောင့် နှစ်​​ယောက်​လုံး ​နေမ​ကောင်း ဖြစ်​ခဲ့​ပေမယ့် ဖြိုးမြတ်​​အောင်​က ပြန်​လည်​​နေ​ကောင်း လာခဲ့ပါတယ်​။ Show ရဲ့ format အရ ဆက်​လက်​ ကျင်းပမှာဖြစ်​ပြီး ချမ်း​မြေ့​မောင်​ချိုက​တော့ လာဆိုနိုင်​​သေးတယ် ​လို့ ကျွန်​​တော်​ ​မျှော်​လင့်ပါတယ်​။



ကျွန်​​တော်​တို့ ​ပေးမပြိုင်​တာထက်​ သူကိုယ်​တိုင် ​ပြိုင်​ဖို့ကို ​မျှော်​လင့်​ပါတယ်​။ ကျွန်​​တော်​တို့​ ကြေညာထားတဲ့အတိုင်း ပြိုင်ပွဲကို မနက်​ဖြန်​မှာ ဆက်​လက်​ ကျင်းပမှာ ဖြစ်​ပါတယ်။ ပွဲစတဲ့အထိ ​စောင့်မယ်​ ၊ ပွဲစတာနဲ့ သူလာပြိုင်​ မပြိုင်​ ထုတ်​ပြန်​မယ်​၊ ကျွန်တော်တို့လည်း ချမ်း​မြေ့​မောင်​ချို ပြိုင်​မပြိုင်​ မသိပါဘူး။ ရီဟာဇယ်​​တော့ လာမလုပ်​ဘူး၊ ပြိုင်​ပွဲမှာ ပြိုင်​မယ့် သီချင်း​တွေကို ကျွန်​​တော်​တို့က သူတို့နယ်​ကို မပြန်​ခင်​ထဲက ​ပေးထားပြီးဖြစ်​ပါတယ်​။ ချမ်း​မြေ့​မောင်​ချိုက​တော့ full rehearsal ကို မလုပ်​ရ​သေးပါဘူး။ သူက စင်​နဲ့လည်း မစိမ်းတဲ့အတွက်​ အဆင်​​ပြေမယ် ​လို့ ကျွန်​​တော် ​ထင်​ပါတယ်​။



Voting နဲ့ ပတ်​သက်​ပြီး ကျွန်​​တော်​တို့ ဘယ်​သူမှ မနစ်​နာသွား​အောင်​ လုပ်​မှာပါ။ နှစ်​​ယောက်​လုံး ယှဉ်​ပြိုင်​မှ voting က အသက်​ဝင်​မှာပါ။ တစ်​​ယောက်​ပဲ ဆိုရင်​​တော့ voting နဲ့ပတ်​သက်​ပြီး စီစဉ်​ထားတာ ရှိပါတယ်​။ ဒါက​တော့ ကျွန်​​တော်​တို့​ စောင့်​မှာဖြစ်​တဲ့အတွက်​ ပြိုင်​ပွဲကျမှ ​ပြောပြမှာပါ။


ချမ်း​မြေ့​မောင်​ချိုသာ လာမပြိုင်​ရင်​ winner ကိုတခါတည်း​ ကြေညာမှာ ဖြစ်​ပါတယ်​။ Voting က နှစ်​ဦးရှိမှ​ ပေးမှာဖြစ်​တဲ့အတွက်​ ချမ်း​မြေ့​မောင်​ချိုသာ ​ရောက်​မလာရင်​ ပြိုင်​ပွဲရဲ့ format အရ ကျန်​တဲ့တစ်​​ယောက်​ကို winner ​ပေးမှာ ဖြစ်​ပါတယ်​ " လို့ တာဝန်​ရှိသူက ​ပြောကြားခဲ့ပါတယ်​။

အကုန်သိ

No comments

Powered by Blogger.