ကဲ ဘယ်သူ့အချစ်က ပိုသာလဲ..
တရက် စုံတွဲတစ်တွဲ စကားများ ကြတဲ့အခါ… ကောင်လေးက ကောင်မလေးကို ပြောတယ်
- နင် ငါ့ကို တကယ် မချစ်ဘူးပဲ လို့ ပြောလိုက်တော့… ကောင်မလေးက ပြောတယ်…
- ကောင်းပီလေ… ဒါဆို နင်နဲ့ ငါ ဘယ်သူက ပိုချစ်တယ် ဆိုတာ… စမ်းသပ်ကြည့် ကြမလား?
ကောင်လေး - ကောင်းပီလေ… မင်းမှာ နည်းလမ်း ရှိလား? ရှိရင်ပြော
ကောင်မလေး - ရှိတယ်… ဒီလို လုပ်ကြမယ်.. နင်နဲ့ ငါ စောင်ခြုံ တစ်ထည်ထဲမှာ အတူတူ ခြုံ ပြီး တစ်ယောက်တစ်လှည့် အီးပေါက်ကြမယ်… တစ်ယောက်ရဲ့ အီးနံ့ ကို တစ်ယောက်က ရှူ နိုင်ရမယ်… အနံ့ မခံနိုင်တော့ရင် စောင်အပြင် ထွက်လို့ ရတယ်.… တစ်ခုတော့ ရှိတယ်.. အီးနံ့ ကို ပိုရှူ နိုင်တဲ့သူက ပိုချစ်လို့ ပဲ…
ကောင်လေး - အိုကေလေ… လုပ်ကြတာပေါ့…
အဲ့ဒါနဲ့ စောင်ခြုံထဲ ဝင်ကြပီး.. ကောင်လေးက ကောင်မလေးကို lady first သဘော မှေးဆပ်ပြတယ်…
ကောင်မလေးက နဂိုထဲက အကြံအစည်နဲ့ ဆိုတော့…
ကောင်မလေး - ရပါတယ် ဒီကိစ္စမှာ နင်အရင် စပါဆိုပီး ပြောတယ်…
ကောင်လေးက - ကောင်းပီလေ ဆိုပီး.. အရင်စပေါက်တယ်…
( ဘူ…. )
ကောင်မလေးက ထွက်လာတဲ့ အီးနံ့ ကို ရှူ တယ်..
( ကောင်လေးက အစားအသောက် သိပ်မစုံတော့ အီးနံ့ က မနံဘူးကိုး) ကောင်မလေးက ခံနိုင်ရည် ရှိတယ်…
ကောင်လေးအလှည့် ပီးသွားပီ ဆိုတော့ ကောင်မလေး အလှည့် ရောက်ပီပေါ့…
ကောင်မလေးပေါက်ပီ
(ဖူ…)
ကောင်လေး စရှူ တယ် ( ကောင်မလေးက အစားအသောက် စုံတော့ အီးနံ့ က နံတာပေါ့… သူ့ ကိုယ်သူ သိတဲ့ ကောင်မလေးက အကြံနဲ့ ကို)
ကောင်လေးက ကောင်မလေးရဲ့ အီးနံ့ နံလွန်းတော့ ကျိတ်မှိတ် မခံနိုင်တော့ဘူး…😷 အဲ့တော့ ဗြုန်းခနဲ ဆို စောင်ကို လှန်ပြီး အပြင်ထွက်ချ သွားတော့တယ်…
အဲ့မှာ ကောင်မလေးက ပြောတာပေါ့… နင်မခံနိုင်လို့ စောင်အပြင် ထွက်သွားတဲ့ အတွက် နင်ရှူံးပီပေါ့… နင်မေးတဲ့ စကား နင်ပြန်ဖြေရမယ်ပေါ့… နင်ငါ့လောက် မချစ်ဘူးပေါ့… အဲ့တော့ ကောင်လေးက ပြန်ပြောတယ်…
ကိုယ်က ချစ်ရဲ့ အီးနံ့ တွေ စောင်အပြင် ထွက်သွားကုန်လို့ နှမြောပြီး လိုက်ရှူတာ ဆိုပီး နှာခေါင်းက ရွှတ်…ရွှတ် နဲ့  ဟိုရှူ ဒီရှူ လိုက်လုပ်ရင်း ပြန်ပြောတယ်…
💓 ကိုယ်အချစ်က ပိုသာတယ်… တဲ့ 😂
kzs
Post a Comment