Header Ads

ပရိသတ်တွေအားကျနေတဲ့ စိုင်းစိုင်းနဲ့ဖက်ခွင့်ရတဲ့ ကံထူးရှင်မလေး


ကျွန်တော် ကတော့ အမြဲတမ်း (၁၈) နှစ်ပါပဲ လို့ပြောခဲ့ဖူးတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ကတော့ သူပြောဖူးတဲ့ စကားလေးအတိုင်း ပရိသတ်တွေ လက်ဖျား ခါလောက်အောင် အမြဲတမ်း နုပျိုနေသူ တစ်ဦးပဲ ဖြစ်ပါတယ်။



ပရိသတ် တွေရဲ့ အချစ်တွေကို ယနေ့ အချိန်အထိ သိမ်းပိုက် ရယူထားတဲ့ ကွီးစိုင်း ကတော့ လက်ရှိအသက် (၃၉)အရွှယ် ရောက်သည့်တိုင် သူမြတ်နိုးတဲ့ ဂီတ သံစဉ်တွေနဲ့ ရှင်သန်းရင်း စိတ်ပျိုကိုယ်နု ဆိုသလို ဆယ်ကျော်သက်လေး တစ်ယောက်ကဲ့သို့ပင် နုပျိုလတ်ဆတ် မှုတွေနဲ့ မြင်တွေ့နေရတာပဲ ဖြစ်ပါတယ်။



ကွီးစိုင်းကတော့ မွေးနေ့ရောက်တိုင်း နှစ်တိုင်းဆိုသလို Birthday Show ပွဲလေးတစ်ခု ပြုလုပ်လေ့ရှိပြီး ဒီနှစ်ရဲ့ BD Show ပွဲလေးကိုတော့ ဧပြီလ (၁၀) ရက်နေ့ မနေ့က ညနေ (၆) နာရီမှာ ရန်ကုန်၊ သုဝဏ္ဏဘူမိ Event Park မှာ ပြုလုပ်ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ ကွီးစိုင်းရဲ့ BD ပါတီလေးမှာတော့ ထူးထူးခြားခြားနဲ့ ပျိုမေတိုင်းအားကျ နေရတဲ့ ကံအကောင်းဆုံး ကောင်မလေး တစ်ဦးလည်း ပေါ်ထွက်လာခဲ့ပါတယ်။



အဲ့ဒီ ကောင်မလေးကတော့ ကွီးစိုင်း ကိုယ်တိုင် နှုတ်ခမ်းဆိုးပေးခံခဲ့ရပြီး၊ ဝက်ဝံရုပ်ကြီးရယ်၊ လက်ဆောင်ပန်း စည်းတွေရယ်၊ ကွီးစိုင်းရဲ့ ရင်းရင်းနှီးနှီး ပွေ့ဖက်နှုတ်ဆက်မှုတွေရယ်ကြောင့် အဲ့ဒီည တစ်ညတာအတွက်တော့ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး အမျိုးသမီးလေး ဖြစ်ခွင့်ရခဲ့တယ်လို့ ပြောလို့ပါတယ်။



ဒီလို အခွင့်အရေးမျိုးကို အားမကျတဲ့သူ ရှိပါ့မလားနော်။ ကွီးစိုင်းကို ချစ်တဲ့ ပျိုမဒီတို့ကလည်း ကံကောင်းသူ Lucky Girl လေးကို တကယ့် ကို အားကျမဆုံး ဖြစ်နေကြပါတယ်။ ပရိသတ်တွေ ပိုပိုပြီး အားကျသွားစေမယ့် ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ အတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။



သတင်းအရင်းအမြစ် - Hlwan Htet

No comments

Powered by Blogger.