Header Ads

အချစ်က ပူတယ်ဆိုသူများ ဒီလိုဖြေရှင်းလိုက်ပါ 💗


★ ★ ★ ★ ★ ★ ★ ★
မီးဖိုချောင်မှာ ထမင်း စားရင်း အမျိုးသမီးနဲ့ စကားပြောနေတုန်း ဖုန်းဝင်လာတယ် ။

"ဆရာရေ သမီး ကောင်လေးက တစ်အား ရစ်တာပဲ တအား အပူပေးတာပဲ ၊ ဆူဆူပူပူ အရမ်း လုပ်တာပဲ အချစ်က ပူလောင်ပါတယ် ဆရာ" တဲ့

" အေး ဟုတ်လား အဲဒါဆို သမီး ကောင်လေး ဓါတ်ပုံကို လက်နှီးစုတ်နဲ့ ပတ်ပြီးထားလိုက် ပြီးတော့ ကိုင်ပြီး လိုလား Lola လို့ပြော ၊ ပြီးတော့ သူ့ရဲ့ ဆပွတ်ကို စားပြီး ငါ့ကို မရစ်နဲ့ ငါ့ကို အပူမပေးနဲ့လို့ ပြောပါ။ သမီးကောင်လေးက တနင်္ဂနွေ ဆိုတော့ ဆပွတ်က သောကြာနံ ဖြစ်တယ် ။ သကြား တို့ သစ်သီး တို့ စားပြီးပြောပါ ။ အဆင်ပြေသွားပါလိမ့်မယ် "

နောက် တစ်ပတ်နေတော့ ဖုန်းလာတယ်။

" အဆင်ပြေသွားပြီ ဆရာ သူ သမီးကို ပူညံပူညံ မလုပ်တော့ဘူး " တဲ့

.............................

၁။ လက်နှီးစုတ် နဲ့ဘာလို့ပတ်ခိုင်းသလဲ ဆိုတာက အချစ်က ပူတယ် ဆိုတော့ အမျိုးသမီးက ပြောတယ်။ ပူမှာပေါ့ လက်နှီးစုတ်နဲ့မှ မကိုင်တာတဲ့.. အချစ်မှာ နားလည်မှုဆိုတဲ့ လက်နှီးစုတ်နဲ့ မကိုင်ရင် ပူလောင်နေမှာပဲလေ တဲ့ :D :P အဲဒါကို နိမိတ်ကောက်ပြီး ဆူဆူပူပူ လုပ်တတ်တဲ့ ကောင်လေးကို လက်နှီးစုတ်နဲ့ ကိုင်ခိုင်းလိုက်တာပါ  :D


၂။ လိုလား Lola ဆိုတာ ကတော့ ချစ်ခြင်း မေတ္တာကို တိုးပွားစေတဲ့ ဂမ္ဘီရ သံစဉ်ပါ ။ အဘကြီး နည်းပေါ့ ။

၃။ ဆပွတ်ကတော့ သူ့ကို နိုင်လို့ ဆပွတ်နဲ့ ဆို ဆိုတဲ့ အင်္ဂ၀ိဇ္ဇာနည်းပါ ။

တနင်္ဂနွေသား အတွက်ဆို သောကြာနံ (သကြား၊ သစ်သီး)

တနင်္လာသား အတွက်ဆို စနေ (နို့ ၊ ထိုးမုန့် ၊ နာနတ်သီး)

အင်္ဂါသား အတွက်ဆို တနင်္ဂနွေ ( အုန်းသီး ၊ အားလူး၊ အအေး)

ဗုဒ္ဓဟူးသား အတွက်ဆို တနင်္လာ ( ကော်ဖီ ၊ ကွေကာ၊ ကျောက်ကျော်)

ကြာသပတေးသား အတွက်ဆို အင်္ဂါ ( စမူဆာ ၊ ဇီးသီး ၊ ဇီးဖျော်ရည် )


သောကြာသား အတွက်ဆို ဗုဒ္ဓဟူး ( ရေ ၊ လဖက်ရည် ၊ ရဲယိုသီး )

စနေသား အတွက်ဆို ကြာသပတေး ( ပေါင်မုန့်၊ ပေါက်ပေါက်၊ ပန်းသီး)

တို့ကို စား / ဆောင် ပြီး ပြောရင် ကိုယ့်စကား နားထောင်ပြီး ကိုယ့် အကြိုက် အလိုလိုက် ပေးပါတယ် တဲ့ ခင်ဗျာ ။

အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ... ကိုယ်ချစ်သူ နဲ့ အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ...

credit ဆရာထွန်း ( ကျောက်ဆည်)

No comments

Powered by Blogger.